အကယ်၍ သင်သည် ဒုက္ခသည် သို့မဟုတ် ခိုလှုံခွင့်လျှောက်ထားသူ နောက်ခံမှဖြစ်ပါက သင်သည် အစစောသင်သည့် မူကြိုတန်း (Early Start Kindergarten (ESK))ကို တက်ရောက်နိုင်သည်။ ESK သည် သင့်ကလေးအတွက် အပတ်တိုင်း ရနိုင်သော အခမဲ့ မူကြိုတန်းအစီအစဉ် နာရီအများဆုံးရရန် ကူညီပေးနိုင်သည်။
၂၀၂၃ ခုနှစ်တွင် သုံးနှစ်အရွယ် မူကြိုတန်းအစီအစဉ်များသည် တစ်ပတ်လျှင် ၅ နာရီမှ ၁၅ နာရီအကြားရှိပြီး လေးနှစ်အရွယ် မူကြိုတန်းအစီအစဉ်များသည် ၁၅ နာရီဖြစ်ပါသည်။ ESK မှတစ်ဆင့် ကျောင်းအပ်ခြင်းဖြင့် သုံးနှစ်နှင့် လေးနှစ်အရွယ် မူကြို အစီအစဉ်နှစ်ခုလုံးတွင် တစ်ပတ်လျှင် ၁၅ နာရီအပြည့်ရရန် အာမခံပါသည်။ ၎င်းကို အောက်ပါကလေးများအတွက် ရနိုင်ပါသည်-
- ဒုက္ခသည် သို့မဟုတ် ခိုလှုံခွင့်ရှာဖွေသူ နောက်ခံမှ ကလေးများ
- အဘိုရင်ဂျင်နယ်တိုင်းရင်းလူမျိုး နှင့်/သို့မဟုတ် တောရက်စ်ရေလက်ကြား ကျွန်းသားလူမျိုး ကလေးများ
- ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်နေသော မိသားစုမှ ကလေးများ
ဗစ်တိုးရီးယားအတွင်း မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ဤကလေးများသည် အခမဲ့ မူကြိုတန်းများကို စတင်သင်ကြားပေးမည့်ကာလတွင် တစ်ပတ်လျှင် ၁၅ နာရီ အခမဲ့ ရရှိနိုင်ပါသည်။ ၎င်းတို့ရရှိနေသည့် လက်ရှိ စာသင်ခွင့်နှင့် အချိန်များ ပြောင်းလဲမည် မဟုတ်ပါ။
လျှောက်ထားနည်း-
ကျွမ်းကျင်သော ဆရာတစ်ဦးမှ သင်ကြားပေးမည့် မူကြိုအစီအစဉ်အားလုံးတွင် ESK ကို သင်ကြားပေးသည်။ သင့်အနီးရှိ မူကြိုကျောင်းတစ်ကျောင်းကို ဆက်သွယ်ပြီး Early Start Kindergarten ထောက်ပံ့ကြေးကို ရနိုင်ရန် တောင်းခံခြင်းဖြင့် သင့်ကလေးကို ကျောင်းအပ်နိုင်ပါသည်။ မူကြိကျောင်းများသည် သင့်ဘာသာစကားဖြင့် သင့်အား ကူညီပေးရန်အတွက် အခမဲ့ ဘာသာပြန်ဝန်ဆောင်မှုကို ရယူပေးနိုင်ပါသည်။
သင်သည် ပညာရေးဌာန၏ သုံးနှစ်အရွယ်မူကြိုတန်း စုံစမ်းရေးလိုင်း ၁၈၀၀ ၃၃၈ ၆၆၃ သို့မဟုတ် အကူအညီရယူရန်အတွက် သင်၏ ဒေသခံကောင်စီသို့လည်း ဆက်သွယ်နိုင်ပါသည်။ သင့်ဘာသာစကားဖြင့် အကူအညီရယူရန် သင်သည် National Translating and Interpreting Service ကို ၁၃၁ ၄၅၀ မှ ခေါ်ဆိုနိုင်ပြီး၊ စကားပြန်အား သင့်ဒေသဆိုင်ရာကောင်စီ သို့မဟုတ် ပညာရေးဌာန၏ နံပါတ်ကို ဆက်သွယ်ခိုင်းပြီး စကားပြန်မှ စကားပြန်ပေးပါမည်။
လျှောက်ထားရမည့်အချိန်-
ကလေးသူငယ်များအား မူကြိုတန်းတက်ရန် ကျောင်းအပ်ထားသောနှစ် ဧပြီလ ၃၀ရက်နေ့မတိုင်မီ ကလေးများသည် အသက်သုံးနှစ်ပြည့်ပါက ESK သင်ယူနိုင်သည်။ ‘when to enrol’ကို ကြည့်ပါ။
အသက် ငါးနှစ် သို့မဟုတ် ခြောက်နှစ် ပြည့်ဖြစ်မည့်နှစ်တွင် သင့်ကလေး အတန်းကျောင်းတက်မည်ကို သင် ရွေးချယ်နိုင်ပါသည်။ ယင်းနောက် ကလေးများ အသက် သုံးနှစ် သို့မဟုတ် လေးနှစ်ပြည့်သည့်နှစ်တွင် ESK ကို သင်ယူနိုင်သည်။
သင့်ကလေး ESK တက်နိုင်မည့်အချိန်ကို တွက်ချက်ရန် သင် အကူအညီလိုအပ်ပါက ပညာရေးဌာန၊ ဒေသဆိုင်ရာကောင်စီ၊ မိခင်နှင့်ကလေးကျန်းမာရေး သူနာပြု၊ သို့မဟုတ် သင့်ဒေသရှိ သူငယ်တန်းကျောင်း သို့မဟုတ် သင့်ဒေသရှိ အောက်ပါအဖွဲ့အစည်းများကို ဆက်သွယ်နိုင်ပါသည်။
- အသက် သုံးနှစ် သူငယ်တန်း စုံစမ်းရေးဖုန်းလိုင်း ၁၈၀၀ ၃၃၈ ၆၆၃
- Brotherhood of St Laurence ၀၃-၉၄၈၃ ၁၁၈၃
- Foundation House ၀၃ ၉၃၈၉ ၈၉၀၀
- Fka Children’s Services ၀၃ ၉၄၂၈ ၄၄၇၁
- VICSEG New Futures ၀၃ ၉၃၈၃ ၂၅၃၃
Updated