JavaScript is required

မူကြိုတန်း အလုပ်လုပ်ပုံ (How kinder works) - မြန်မာ (Burmese)

သုံးနှစ်အရွယ် သူငယ်တန်းနှင့် စောစောသင် သူငယ်တန်းအကြောင်း လေ့လာပါ။

Transcripts

'မူကြိုတန်း' သို့မဟုတ် 'ငယ်ရွယ်စဉ် ကလေးပညာရေး' ဟုလည်း ရည်ညွှန်းသည့် မူကြိုတန်းသည် သင့်ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်ယူမှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ သင့်ကလေးအား နှစ်နှစ်ကြာ မူကြိုတန်းအစီအစဉ်တွင် ကျောင်းအပ်ပေးခြင်းအားဖြင့် ၎င်းတို့၏ အရည်အချင်းများကို ဖွံ့ဖြိုးပေးစေသောကြောင့် ကလေးများသည် ဘဝတစ်သက်တာနှင့် အတန်းကျောင်းတွင် ကောင်းမွန်စွာ ပညာသင်ယူနိုင်မည် ဖြစ်ပါသည်။

မူကြိုတန်း၏ အချိန်-

သုံးနှစ်အရွယ် မူကြိုအစီအစဉ်များသည် တစ်ပတ်လျှင် ၅ နာရီမှ ၁၅ နာရီအထိဖြစ်ပြီး လေးနှစ်အရွယ် မူကြိုအစီအစဉ်များသည် ၁၅ နာရီဖြစ်သည်။

အတည်ပြုထားသည့် ရလဒ်များ

မူကြိုတန်းအစီအစဉ်သို့ တက်သည့်ကလေးများသည် ကိန်းဂဏန်းများနှင့် အက္ခဏာစာလုံးများကို မည်သို့ ရေတွက်ပြီး မှတ်မိရမည့်အပြင် မေးခွန်းပုစ္ဆာများကို ဖြေရှင်းပုံကဲ့သို့ စွမ်းရည်များ စတင်ဖွံ့ဖြိုးလာသည်။ မူကြိုတန်းအစီအစဉ်တွင် သင့်ကလေးသည် မိမိကိုယ်မိမိ ယုံကြည်စိတ်နှင့် မှီခိုမှုကင်းစိတ် ဖြစ်လာမည်ဖြစ်ပြီး လူမှုရေးဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်များကို သင်ယူပါမည်။ ကလေးများသည် ပြောဆိုဆက်ဆံကြပြီး မိတ်ဆွေသစ်များ ရလာပါမည်။

သုတေသနလေ့လာမှုအရ အတန်းကျောင်းမစမီ နှစ်နှစ် သို့မဟုတ် ၃ နှစ် မူကြိုတန်း တက်ခဲ့သော ကျောင်းသားများသည် အသက် ၁၆ နှစ်အရွယ်တွင် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်တွင် မတက်ခဲ့သူများထက် အမှတ်များ ပိုရကြောင်း သိရပါသည်။

မိဘများနှင့် မူကြိုတန်းဆရာများ အတူလုပ်ကိုင်ပုံ-

မူကြိုတန်းသည် မိဘများ/အုပ်ထိန်းသူများ၊ မိသားစုများနှင့် ဆရာများကြားအတွင်း ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် အကောင်းဆုံးလုပ်ဆောင်ပါသည်။ မိဘ/အုပ်ထိန်းသူအနေဖြင့် သင်သည် သင့်ကလေးဖွံ့ဖြိုးတိုးတက်မှု၏ အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါသည်။ သင်သည် သင့်ကလေးများကို အမှားမှအမှန်၊ သင့်ဘာသာစကား၊ ယဉ်ကျေးမှုအပြင် ကြင်နာမှုနှင့် လေးစားမှုကဲ့သို့ တန်ဖိုးထားရာများကို သင်ပေးပါသည်။ ဆရာများသည် မူကြိုတန်း၌ သင်ကြားပုံနှင့်သင့်ကလေးအား အိမ်တွင် ဆက်လက် ကူသင်ပေးနိုင်မည့် နည်းလမ်းများကို သင့်အား ပြောပြပါမည်။ ဆရာများသည် သင့်ကလေး၏ စိတ်ဝင်စားရာများနှင့် မည်သို့သင်ယူလိုပုံကို သိလိုကြပါသည်။

စကားပြန်အား အချိန်မရွေး စီစဉ်ပေးရန် မူကြိုတန်းဆရာထံမှ တောင်းခံနိုင်သည်။ စကားပြန်သည် လူကိုယ်တိုင် သို့မဟုတ် ဖုန်း သို့မဟုတ် ဗီဒီယိုဖြင့် ဖြစ်နိုင်သည်။ ဤစကားပြန် အသုံးပြုရန် မိသားစုများအတွက် ကုန်ကျစရိတ်မရှိပါ။

သူငယ်တန်းကျောင်း၌ သင်ကြားမည်မှာ-

ဆရာများမှ ကလေးများကို ကစားခြင်းဖြင့် သင်ကြားရန် အားပေးပါမည်။ လုပ်ဆောင်စရာများတွင် ပုံဆွဲခြင်း၊ သီချင်းဆိုခြင်း၊ တွယ်တက်ခြင်း၊ အပြင်ဘက်တွင် တွင်းတူးခြင်းနှင့်ပြေးခြင်း၊ အရုပ်များနှင့်ကစားခြင်းနှင့် စာအုပ်ဖတ်ခြင်းတို့ ပါဝင်နိုင်သည်။ ကစားခြင်းသည် ကလေးများအား ဝေမျှပြောဆိုခြင်းနှင့် အလှည့်ပေးခြင်းအားဖြင့် အခြားကလေးများနှင့်ပူးပေါင်းဆောင်ရွက်တတ်ရင်း သူတို့၏ စိတ်ကူးစိတ်သန်းကို သုံးပြီး အသစ်အဆန်း ရှာဖွေတွေ့ရန်အတွက် အားတက်စေပါသည်။ ကလေးများသည် အင်္ဂလိပ်စကားပြောပုံနှင့် နားလည်ပုံအပါအဝင် အသံများ၊ စကားလုံးများနှင့် ဘာသာစကားများအကြောင်း သင်ယူမည်ဖြစ်ပါသည်။

မူကြိုတန်းကျောင်းများသည် ကျွန်တော်တို့၏ ယဉ်ကျေးမှုပေါင်းစုံ အသိုက်အဝန်းအတွက် တစ်စိတ်တစ်ပိုင်းဖြစ်သည်-

မူကြိုတန်းအစီအစဉ်များသည် ဘဝနောက်ခံအရပ်ရပ်မှ မိဘများအား ၎င်းတို့၏ အသိုင်းအဝိုင်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကြိုဆိုပါသည်။ မိဘများအနေဖြင့် လူများနှင့်တွေ့ဆုံနိုင်ပြီး ဖြစ်ပျက်အကြောင်းချင်းရာများ ပြောဆိုပြနိုင်ကာ အချင်းချင်း လေ့လာနိုင်သည့် နေရာဖြစ်ပါသည်။

ဆရာများသည် သင့်ကလေးအကြောင်းနှင့် သင့်ယဉ်ကျေးမှုအကြောင်း သိလိုကြပါသည်။ ဤသို့ဖြင့် ဗစ်တိုးရီးယားပြည်နယ်၌ ယဉ်ကျေးမှုဆိုင်ရာ နေ့ကြီးရက်ကြီးများနှင့် ပွဲလမ်းများကို အခြေခံသည့် လှုပ်ရှားပွဲများနှင့် မျိုးစုံကွဲပြားမှုကို ဂုဏ်ပြုပွဲကျင်းပပေးရန် အပါအဝင် သင့်ကလေးအတွက် ထိုက်သင့်သော အစီအစဉ်များကို ရေးဆွဲရာ၌ ဆရာများကို အထောက်အကူပြုသည်။

ဆရာများသည် လှုပ်ရှားမှုများတွင် ကလေးတိုင်းကို ပါဝင်စေသောကြောင့် အင်္ဂလိပ်စကား မပြောတတ်သော ကလေးများသည် အခြားသူများကဲ့သို့ ကစားရန်နှင့် သင်ယူရန် တူညီသော အခွင့်အရေးများ ရှိပါသည်။ အချို့သော မူကြိုတန်းအစီအစဉ်များတွင် အင်္ဂလိပ်စကား အနည်းငယ်ပြောတတ်သော သို့မဟုတ် လုံးဝမပြောတတ်သော ကလေးများကို သင်ကြားပေးသည့် ဘာသာစကားနှစ်မျိုးပြော ဆရာများ ရှိပါသည်။ ကလေးများကို အခြားကလေးများနှင့် ပေါင်းသင်းဆက်ဆံတတ်ရန်နှင့် ယဉ်ကျေးမှုကွဲပြားမှုများကို လေးစားလက်ခံတတ်ရန်ကိုလည်း သင်ကြားပေးပါသည်။

မူကြိုတန်းအစီအစဉ် အမျိုးအစားများ

ကလေးများသည် သုံးနှစ်အရွယ် မူကြိုအစီအစဉ်ကို တစ်နေကုန် နေ့ကလေးထိန်းကျောင်း (ကလေးထိန်းကျောင်းဟုလည်းခေါ်သည်) ဖြစ်စေ သို့မဟုတ် မူကြိုသီးသန့် ( အချိန်ပိုင်းဟုလည်း ခေါ်သည် ) ကျောင်း တက်ရောက်နိုင်ပါသည်။ ဤကျောင်းများသည် လေးနှစ်အရွယ် မူကြိုတန်းအစီအစဉ်ကိုလည်း ပို့ချပေးလေ့ရှိသည်။

တစ်နေကုန် နေ့ကလေးထိန်းကျောင်းသည် မူကြိုတန်းအစီအစဉ်အပါအဝင် ပညာရေးနှင့် ပြုစုစောင့်ရှောက်မှုကို တစ်နေကုန် လုပ်ပေးနိုင်သည်။ ဆရာ ဦးဆောင်သည့် မူကြိုတန်းအစီအစဉ်တွင် ပညာရေးနှင့် စောင့်ရှောက်မှု အပိုအချိန်နာရီများ ပေါင်းထည့်ပေးနိုင်သည်။

မူကြိုသီးသန့်ကျောင်းတစ်ခုတွင်၊ မူကြိုတန်းအစီအစဉ်သည် အချို့သောနေ့ရက်များနှင့် သတ်မှတ်ထားသောအချိန်များတွင်သာ လုပ်ဆောင်မည်ဖြစ်သည်။ မူကြိုသီးသန့်ကျောင်းတစ်ခုသည် ကျောင်းစာသင်နှစ်အတွင်း တစ်နှစ်လျှင် ရက်သတ္တပတ် ၄၀ ပတ်လုံး သင်ကြားလေ့ရှိပြီး၊ တစ်ချိန်တည်းတွင် အတန်းကျောင်းများကဲသို့ ကျောင်းပိတ်ရက်များလည်း ရှိပါသည်။ ဤရက်များနှင့် အချိန်များကို မူကြိုကျောင်းမှ သတ်မှတ်ထားပါသည်။

Updated