JavaScript is required

သူငယ်တန်းသုံးပစ္စည်းအိတ်များ (Kinder Kits) - မြန်မာ (Burmese)

အစိုးရထောက်ပံ့ငွေရ သုံးနှစ်အရွယ် သူငယ်တန်း ၂၀၂၅ ခုနှစ်တွင် အပ်နှံထားသည့်ကလေးတိုင်း သူငယ်တန်းသုံးပစ္စည်းအိတ် တစ်အိတ် ရပါမည်။

မိသားစု လမ်းညွှန်

Title page on purple background with illustration of two children playing, text  displayed is Guide for Families.

သူငယ်တန်းသုံးပစ္စည်းအိတ် အကြောင်း

ကစားခြင်းဟာ သင့်ကလေး ပညာသင်ယူခြင်းနှင့် ကြီးထွားဖွံ့ဖြိုးခြင်းကို အထောက်အကူပြုသည့် ပျော်ရွှင်စရာကောင်းပြီး ပါဝင်ကစားစေသည့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မိဘများ၊ စောင့်ရှောက်သူများနှင့် မိသားစုများဟာ ထိုကိစ္စမှာ အဓိကနေရာက ပါဝင်နေပါတယ်။

သူငယ်တန်းသုံးပစ္စည်းအိတ်တွင် အိမ်၌ သင့်ကလေး မိသားစုနှင့်အတူ ဆော့ကစားနိုင်သော စာအုပ်များ၊ ပညာပေးအရုပ်များနှင့် ကစားစရာများ ပါရှိပါတယ်။

သူငယ်တန်းသုံးပစ္စည်းအိတ်တွင် သုံးနှစ်အရွယ်ကလေးများအတွက် အထူးပြုလုပ်ထားသော အရာပစ္စည်းများ ပါဝင်ပါတယ်။

Illustration of three children playing. One is reading a book, one is colouring in, one is holding animal finger puppets.

ဗစ်တိုးရီးယား အစောပိုင်းကလေးအရွယ် ပညာရေး
နှင့် ကြီးထွားဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံနည်းလမ်း

အစောပိုင်းကလေးအရွယ် သင်ကြားရေး ဆရာဆရာမများနှင့် သင်ကြားပို့ချသူများဟာ သင့်ကလေး ကြီးထွားဖွံ့ဖြိုးရန်နှင့် ပညာသင်ယူရန် ပံ့ပိုးကူညီပေးကြပါတယ်။

သူငယ်တန်းအစီအစဥ်များဟာ ဗစ်တိုးရီးယား အစောပိုင်းကလေးအရွယ် ပညာရေးနှင့် ကြီးထွားဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံနည်းလမ်း (VEYLDF)ကို အသုံးပြုပါတယ်။

သူငယ်တန်းသုံးပစ္စည်းအိတ်ပါ အရာတိုင်းဟာ အဆိုပါ အခြေခံနည်းလမ်း (VEYLDF)အရ ပညာရေးနှင့် ကြီးထွားဖွံ့ဖြိုးရေး၏ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ရလာဒ်များကို ရရှိအောင် ချိတ်ဆက်ပေးထားပါတယ်။

  • ပင်ကိုယ်ဝိသေသ
  • ပညာသင်ယူခြင်း
  • လူမှု့အသိုင်းအဝိုင်း
  • ပြောဆိုဆက်သွယ်ခြင်း
  • ကျန်းမာရွှင်လန်းခြင်း

ကျောပိုးအိတ်

သူငယ်တန်းသုံးပစ္စည်း ကျောပိုးအိတ်ကို နေ့တိုင်းလိုလို အသုံးပြုနိုင်ပါတယ်။

သင့်ကလေးသည် ကျောပိုးအိတ်နောက်ရှိကတ်ထူပြားပေါ် ပုံဆွဲလေ့ကျင့်နိုင်ပါတယ်၊ သို့မှသာ သူတို့အိတ်ကို သူတို့ မှတ်မိနိုင်ပါတယ်။

ကျောပိုးအိတ်ကို ဖြန့်ပြီး ကပ်ခွာဖြင့် မြဲအောင်ကပ်ပေးပါ။ အဝတ်မျက်နှာပြင်ကို ဖန်တီးမှုများ ပြုလုပ်ရန်အတွက် အသုံးပြုပါ။

  • ကျောပိုးအိတ်ကို ကလေးတင်ပါးပေါ် မြဲနေစေရန် ကျောပိုးအိတ်သိုင်းကြိုးကို အလျော့အတင်းလုပ်ပါ
  • သက္ကလပ်အဝတ်ကပ်ခွာများဖြင့် ပန်းခြံတစ်ခု လုပ်ပါ
  • နာမည်ကတ်ပြားပေါ် ပုံဆွဲရန် အားပေးပါ
  • စာမရေးတတ်မီအဆင့်ရှိ စွမ်းရည်ကို လေ့ကျင့်ပါ

စာဖတ်ခြင်း

စာဖတ်ခြင်းဟာ မိသားစု အတူတကွနေထိုင်ရန် အလွန်ကောင်းသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ စာဖတ်ခြင်းဟာ စာတတ်မြောက်ခြင်းကိုအထောက်အကူပြုသည့် အရေးပါဆုံးနည်းလမ်းများတွင် တစ်ခု အပါအဝင်ဖြစ်ပါတယ်။

သင့်ကလေးနှင့်အတူ ပုံမှန် ပုံပြောချိန်တစ်ခု ထားရှိခြင်းဟာ ကလေးအတွက် စိတ်ကူးဥာဏ်ကောင်းခြင်းနှင့် ဝေါဟာရကြွယ်ဝခြင်းကို အထောက်အကူပြုပါတယ်။

  • စာအုပ်တစ်အုပ်ကို အတူတကွ ရွေးပါ
  • သက်သောင့်သက်သာ နေနိုင်ပြီး စာဖတ်နိုင်သည့် နွေးနွေးထွေးထွေးနေရာတစ်ခု ရှာပါ
  • ပုံပြောရာတွင် နောက်ဘာဖြစ်လာနိုင်မည်ကို ကလေးအား လွတ်လွတ်လပ်လပ် ခန့်မှန်းပြောဆိုခွင့်ပေးပါ
  • အသံအမျိုးမျိုး အသုံးပြုပါ

ပုံဆွဲခြင်းနှင့် အမှတ်အသားလုပ်ခြင်း

ပုံဆွဲခြင်းနှင့် အမှတ်အသားလုပ်ခြင်းဟာ ကလေးများအား တီထွင်ဆန်းသစ်မှုများ ကိုယ်တိုင်ထုတ်ဖော်ပြောဆိုစေနိုင်ပါတယ်။ စာရွက်ပေါ် ရောင်စုံခဲတံများဖြင့် ရေးဆွဲခြင်းအားဖြင့် ကလေးများဟာ-

  • အနုစိတ် လက်ကြွက်သားလှုပ်ရှားမှု စွမ်းရည်များ ဖွံ့ဖြိုးလာစေနိုင်ပါတယ်၊ ထိုစွမ်းရည်များဟာ စာရေးသားခြင်းကို သင်ယူရာတွင် အရေးကြီးပါတယ်။
  • လက်-မျက်လုံး ဟန်ချက်ညီညီ လှုပ်ရှားမှု ကောင်းစေပါတယ်
  • အရောင်များ၊ ပုံသဏ္ဍာန်များ၊ အဆင်အပြင်များနှင့် မျဥ်းများအကြောင်း လေ့လာစေပါတယ်
  • တီထွင်ဆန်းသစ်မှုကို ထုတ်ဖော်ပြောဆိုစေပါတယ်
  • အခြားသူများနှင့် ပြောဆိုဆက်သွယ်စေပါတယ်။

  • ပုံဆွဲခြင်း ကြိုက်နှစ်သက်လာစေရန် သင့်ကလေးကို အားပေးပါ။ ပုံဆွဲခြင်းဟာ မိမိကိုယ်မိမိ ယုံကြည်မှုကို တည်ဆောက်ပေးစေနိုင်ပါတယ်။
  • ပုံဆွဲနေစဥ် စကားပြောကြပါ။
  • အရောင်များနှင့် ပုံသဏ္ဍာန်များကို သတိပြုပြီး ၎င်းတို့၏အခေါ်အဝေါ်ကို ပြောဆိုကြပါ။

တီထွင်ဆန်းသစ်သော လုပ်စရာများ

တီထွင်ဆန်းသစ်ကစားခြင်းဟာ သင့်ကလေး၏အမြင်၊ အနံ့၊ အကြား၊ အထိအတွေ့နှင့် အရသာဟူသော အာရုံ ၅ ပါးလုံးကို လှုံ့ဆော်ပေးပါတယ်။ ဤနည်းသည် သင့်အနီးအနားရှိ ပတ်ဝန်းကျင်အကြောင်းကို စူးစမ်းတွေ့ရှိရန် ပျော်ရွှင်စရာကောင်းသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

  • ဘလောက်တုံးများ ဆင့်တင်ခြင်းဖြင့် ဇွဲရှိမှုကို လေ့ကျင့်ရန် အားပေးပါ။ အကယ်၍ ဘလောက်တုံးများ ပြိုလဲကျပါက ကလေးအား အသက်ပြင်းပြင်း ၃ ကြိမ်ရှူစေပြီး ထပ်မံ လုပ်ခိုင်းပါ။
  • ကစားစရာဂျုံတုံးကို လုံးအောင်လှမ့်ပါ၊ ပုံသဏ္ဍာန်မျိုးစုံလုပ်ပါ၊ ပြားနေအောင်လုပ်ပါ၊ အသံထွက်အောင် ဖိချပါ။
  • ဂီတသံစဉ် အတူတူလုပ်ပါ သံစဥ်မျိုးစုံနှင့် စည်းချက်မျိုးစုံကို လက်ခုတ်တီးခြင်း သို့မဟုတ် အိမ်ရှိပစ္စည်းများ တီးခေါက်ခြင်းဖြင့် ဖန်တီးပါ။

အိမ်ပြင်ပ၌ ဆော့ကစားခြင်း

လူကြီး၏ကြီးကြပ်မှုဖြင့် အိမ်ပြင်ပ၌ ဆော့ကစားခြင်းဟာ သင့်ကလေး ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနှင့် ကျန်းမာပျော်ရွှင်မှု၏ ကြီးကြီးမားမား အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

ကလေးများဟာ-

  • သဘာဝပတ်ဝန်းကျင်အကြောင်းလေ့လာခြင်းအားဖြင့် သိပ္ပံနှင့်ဆက်နွှယ်မှုကို စူးစမ်းသိမြင်လာနိုင်ပါတယ်
  • လွတ်လပ်မှုကို ပိုမို ခံစားရနိုင်ပါတယ်
  • အခြားကလေးများနှင့် လူမှုရေးရာအပြန်အလှန် ဆက်ဆံလာနိုင်ပါတယ်
  • ဆော့ကစားနေစဥ် ကောင်းသောရွေးချယ်မှုများ မည်သို့ရွေးချယ်ရမည်ကို စူးစမ်း လေ့လာနိုင်ပါတယ်
  • တစ်ကိုယ်လုံး လှုပ်ရှားမှု၊ လက်-မျက်လုံး ဟန်ချက်ညီညီလှုပ်ရှားမှုနှင့်ကြွက်သားအနုစိတ်လှုပ်ရှားမှုအပြင် တီထွင်ဆန်းသစ်မှုဆိုင်ရာစွမ်းရည်များ ဖွံ့ဖြိုးလာနိုင်ပါတယ်။

  • အရွက်များအကြောင်း ပြောဆိုပြီး အရောင်မျိုးစုံ ပုံသဏ္ဍာန်မျိုးစုံတို့၏ အခေါ်အဝေါ်ကို ပြောဆိုကြပါ။
  • အစေ့များ အတူတူ ပျိုးပါ။
  • သဘာဝပတ်ဝန်းကျင်နှင့် ချိတ်ဆက်ပေးပါ။ မိမိတို့ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်းအကြောင်း ပြောဆိုကြပါ။
  • သဲရုပ်များ လုပ်ကစားပါ။

သရုပ်ဆောင်ကစားခြင်း

သရုပ်ဆောင်ကစားခြင်းဟာ ကလေးများအား စိတ်ကူးယဥ်ဇာတ်လမ်း သရုပ်ဖော်ရန်နှင့် ဇာတ်ကောင်နေရာများတွင် ပါဝင်သရုပ်ဆောင်ရန် အားပေးပါတယ်။

ကလေးများဟာ အောက်ပါတို့ အပါအဝင်ဖြစ်သော အရေးပါသည့် ဘာသာစကားနှင့် လူမှုရေးရာ စွမ်းရည်များကိုလေ့ကျင့်ရန်အတွက် သရုပ်ဆောင်ကစားခြင်းကို ကစားကြပါတယ်-

  • ပတ်ဝန်းကျင်အသစ်များကို စူးစမ်းခြင်းနှင့် ဖန်တီးခြင်း
  • အလှည့်ပေးခြင်းနှင့် အလှည့်ယူခြင်း
  • တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်ဆံနည်းများနှင့် ညှိနှိုင်းဆောင်ရွက်နည်းများဖြစ်ကြပါတယ်။

  • တိရစ္တာန်များအမည်ကို အင်္ဂလိပ်စာအပြင် အခြားဘာသာများဖြင့် ပြောပြပါ။
  • ဇာတ်ကောင်များကို ဖန်တီးပါ။
  • ဇာတ်လမ်းများကို ဖန်တီးပါ။
  • စိတ်ခံစားမှုနှင့် စိတ်လှုပ်ရှားမှုများကို စူးစမ်းကာ ထုတ်ဖော်ပြောဆိုရန် ရုပ်သေးရုပ်များကို အသုံးပြုပါ။

ကစားပွဲများ

မိသားစုမိတ်ဆွေများနှင့်အတူ ကစားပွဲများ ကစားခြင်းဟာ သင့်ကလေး၏ လူမှုရေးစွမ်းရည်များတည်ဆောက်ရန်အတွက် အလွန်ကောင်းသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ကစားပွဲများဟာ ကလေးများအဖို့ အတွက်အချက်၊ ဘာသာစကားနှင့် ပြဿနာဖြေရှင်းရေးစွမ်းရည်များကို သင်ယူရာတွင် အထောက်အကူပြုနိုင်ပါတယ်။

  • ကစားပွဲစည်းမျဥ်းများကို လေ့လာပြီး အလှည့်ကျကစားခြင်းများကို လေ့ကျင့်ပါ။
  • ပြဿနာဖြေရှင်းရေးနှင့် မှတ်ဉာဏ်စွမ်းရည်များကို လေ့ကျင့်ပါ။
  • နံပါတ်များကို ရှင်းပြပြီး အရာဝတ္တုများရေတွက်ခြင်းကို လေ့ကျင့်ပါ။

လူမှု့အသိုင်းအဝိုင်း တည်ဆောက်ခြင်း

ဆော့ကစားခြင်းဟာ ကလေးများအနေဖြင့် မိမိကိုယ်တိုင်နှင့် အနီးအနားရှိ ပတ်ဝန်းကျင်အကြောင်း ရှာဖွေတွေ့ရှိပြီး လေ့လာသောနည်း ဖြစ်ပါတယ်။ ကလေးများ အဖို့ ကစားခြင်းနှင့် သင်ယူခြင်းသည် ဒွန်တွဲလျက်ရှိသည်။ သူငယ်တန်းပစ္စည်းအိတ်ပါ အရာပစ္စည်းများဟာ မတူကွဲပြားခြားနားမှုနှင့် ဓလေ့မျိုးစုံအကြောင်း ပြောဆိုရန်အတွက် အထောက်အကူပြုပါတယ်။

  • သင့်ကလေးအား အခြားနိုင်ငံများအကြောင်းနှင့် ထိုနိုင်ငံများ၏ ဒေသခံတိရစ္ဆာန်များအကြောင်း ပြောပြပါ
  • ဘာသာစကားမျိုးစုံ ဆင်းသက်လာသည့်နေရာများကို သိရှိရန် ကမ္ဘာ့မြေပုံကို ကြည့်ပါ

ပင်ကိုယ်ဝိသေသကို လက်ခံခြင်း

အားလုံးသော ဓလေ့ထုံးတမ်းစဉ်လာများအကြောင်းလေ့လာရန် ကလေးများအား တိုက်တွန်းပေးခြင်းဟာ နားလည်မှု၊ လက်ခံမှုနှင့် ဂုဏ်ယူမှုကို မြှင့်တင်ပေးပါတယ်။ အဘိုရင်ဂျင်နယ်လူမျိုးနှင့် တောရက်စ်ရေလက်ကြားကျွန်းသား ထုံးတမ်းစဉ်လာများနှင့် ဗစ်တိုးရီးယားရှိ ကူးရီး ထုံးတမ်းစဉ်လာများဟာ ယနေ့တိုင် ကျင့်သုံးနေကြပြီး ရှင်သန်နေလျက် ရှိနေပါတယ်။ ထိုထုံးတမ်းစဉ်လာရှိသူများကို ဤပစ္စည်းအိတ်များတွင် စာရေးဆရာများနှင့် အနုပညာရှင်များအဖြစ် ချီးကျူးခြင်းဖြင့် ဂုဏ်ပြုထားပါတယ်။ ကူးရီးရိုးရာနှင့် ဓလေ့ထုံးတမ်းစဉ်လာများအကြောင်း လေ့လာရန်အတွက် သင့်ကလေးအား အထောက်အကူပြုမည့် လုပ်စရာအချို့ ရှိပါတယ်-

  • ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များအတွက် ကူးရီးသင်္ကေတများကို လေ့လာပါ။
  • ကူးရီး ထုံးတမ်းစဉ်လာများ၊ ခေါင်းဆောင်များနှင့် သူရဲကောင်းများအကြောင်း လေ့လာပြီး ပြောဆိုကြပါ။
  • ဒေသအပေါ် အသိအမှတ်ပြုခြင်း၏ အရေးကြီးပုံကို လေ့လာပါ။

ဗစ်တိုးရီးယား အဘိုရင်ဂျင်နယ် ပညာရေးအသင်း (Victorian Aboriginal Education Association Inc.) ဝက်ဘ်ဆိုက်တွင် ကူးရီးရိုးရာနှင့် ဓလေ့ထုံးတမ်းစဉ်လာများကို စူးစမ်းနိုင်သည့် ပျော်ရွှင်စရာကောင်းပြီး ပါဝင်လုပ်ဆောင်စရာများ ရှိပါတယ်။

လက်ဟန်ပြ (Auslan) စာအုပ်များ

Auslan ဟာ ဗစ်တိုးရီးယား အစောပိုင်းကလေးအရွယ် ဘာသာစကား အစီအစဥ် (Victoria’s Early Childhood Language Program) ၌ အသုံးပြုသည့် လက်ဟန်ပြဘာသာစကား ဖြစ်ပါတယ်။ ဤအစီအစဥ်ကို လေးနှစ်အရွယ်သူငယ်တန်းကျောင်းအချို့တွင် ရရှိနိုင်ပါတယ်။

ငယ်ရွယ်သောအခါ အခြားဘာသာစကား သင်ယူရသောကလေးများဟာ အောက်ပါတို့ အပါအဝင်ဖြစ်သော အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်-

  • စာမဖတ်တတ် မရေးတတ်မီ စွမ်းရည်တိုးမြှင့်မှုများ
  • အသိအမြင် နိုးကြားမှု
  • ပင်ကိုယ်အရည်အသွေးနှင့် ကျန်းမာရွှင်လန်းမှု တိုးမြှင့်မှု
  • ထုံးတမ်းစဉ်လာ ပင်ကိုယ်ဝိသေသ ခိုင်မြဲမှု။

၂၀၂၅ ခုနှစ် သူငယ်တန်းသုံးပစ္စည်းအိတ်တွင် စာအုပ်များစွာအတွက် Auslan ဘာသာပြန်ဆိုချက်များ ပါရှိပါတယ်

  • Auslan လက်ဟန်ပြ၍ စိတ်ခံစားမှုများကို ထုတ်ဖော်ပြောဆိုပါ
  • Auslan ဖြင့် မင်္ဂလာပါဟု နှုတ်ဆက်ပါ

ကျန်းမာပျော်ရွှင်ရေးနှင့် နောက်ထပ်ပံ့ပိုးမှု

ကလေးများဟာ မတူကွဲပြားစွာ သင်ယူကြပြီး မိမိတို့၏ကိုယ်ပိုင်နှုန်းထားအရ သင်ယူကြပါတယ်။ သူငယ်တန်းသုံးပစ္စည်းအိတ်များတွင် သင့်ကလေးအတွက် စာအုပ်များနှင့် ပညာပေးအရုပ်များ ပါရှိပြီး၊ ၎င်းတို့ကို စွမ်းရည်မျိုးစုံအား စမ်းသပ်ရန် နည်းလမ်းပေါင်းစုံဖြင့် အသုံးပြုနိုင်ပါတယ်။

အကယ်၍ သင် သို့မဟုတ် သင့်ကလေးအနေဖြင့် ပံ့ပိုးမှု ပိုမိုလိုအပ်ပါက၊ အောက်ပါတို့မှတဆင့် အကူအညီ ရရှိနိုင်ပါတယ်-

  • အစောပိုင်း ကလေးအရွယ် သင်ကြားရေး ဆရာဆရာမများတွင် သင်ကြားပေးရန် ကျွမ်းကျင်မှုများနှင့် ဗဟုသုတ ရှိကြပါတယ်။ သင်၏မေးခွန်းများကို သင့်ကလေး၏ အစောပိုင်း ကလေးအရွယ်သင်ကြားရေးဆရာဆရာမသို့ မေးမြန်းပါ။
  • သင့်မေးခွန်းကို ဆွေးနွေးရန်အတွက် သင့် ဆရာဝန် သို့မဟုတ် မိခင်နှင့်ကလေး ကျန်းမာရေး သူနာပြုနှင့်တွေ့ဆုံရန် ရက်ချိန်းယူပါ။
  • မိဘဖုန်းလိုင်း (Parentline) ဖုန်း 13 22 89 ကို အခမဲ့၊ လျှို့ဝှက်စွာပြုလုပ်ပေးသည့် ဆွေးနွေးတိုင်ပင်မှုနှင့် ပံ့ပိုးမှုအတွက် ဖုန်းခေါ်ဆိုပါ။

အစောပိုင်း ကလေးအရွယ် ပညာရေးရှိ သက်မွေးအလုပ်အကိုင်များ

ဗစ်တိုးရီးယားရှိ ဖွံ့ဖြိုးနေဆဲ သူငယ်တန်းကျောင်းလုပ်ငန်းကဏ္ဍ၌ သက်မွေးအလုပ် စတင်လုပ်ရန် စဥ်းစားပါ။ အစောပိုင်း ကလေးအရွယ်သင်ကြားရေး ဆရာဆရာမ သို့မဟုတ် သင်ကြားပို့ချသူတစ်ဦး ဖြစ်လာရန်အတွက် သင့်အား ပံ့ပိုးပေးရန် အောက်ပါတို့ ပါဝင်ပါတယ်-

  • နိုးကြားသော ပညာရေး နည်းလမ်းများ
  • အလွန်ခွင့်ပြုပေးနေသည့် ပညာသင်ဆုများ
  • ငွေကြေး အထောက်အပံ့များ။
Illustration of two children sitting on the floor playing with blocks while two adults talk, speech bubble from one adult with text


သင်၏ သူငယ်တန်းသုံးပစ္စည်းအိတ် လှူဒါန်းခြင်း

သူငယ်တန်းသုံးပစ္စည်းအိတ်ကို သင့်ကလေး အသုံးပြုပြီးသည့်အခါ ပရဟိတလုပ်ငန်းတစ်ခုသို့ လှူဒါန်းရန် စဥ်းစားပါ၊ သို့မှသာ တစ်ယောက်ယောက်က ထိုပစ္စည်းအိတ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အရာပစ္စည်းတစ်ခုကို လှူဒါန်းရန်ဆုံးဖြတ်သည့်အခါ၊ မိမိမိတ်ဆွေတစ်ဦးအား ပေးရမလား ဟူသောမေးခွန်းဟာ အထောက်အကူပြုသည့် လမ်းညွှန်ချက်တစ်ခုဖြစ်ပါတယ်။ အဖြေက ပေးရမည်ဆိုပါက၊ ထိုပစ္စည်းကို ပရဟိတလုပ်ငန်းသို့ပေးရန် သင့်တော်ပါတယ်။

သင့်တော်သောပစ္စည်းကို လှူဒါန်းခြင်းဟာ အဆိုပါပစ္စည်း တည်တံ့နေမှုအတွက် အခရာကျပြီး ရာသီဥတုဖောက်ပြန်မှု တားဆီးရေးအတွက် အခရာကျပါတယ်။

Illustration of two children adding kinder kit items to a donations box.

Updated